🥜 မြေပဲ
ရွက်ပြောက်ရောဂါ
Leaf Spot
အသေးစိတ်
မြေပဲရွက်ပြောက်ရောဂါသည် မှိုပိုးကြောင့်ဖြစ်ပြီး (အစောနှင့်အနောက်ကျ) နှစ်မျိုးရှိကာ အရွက်ပေါ်တွင် အဝါရောင်အဝိုင်းပါသော အညိုစက်များ သို့မဟုတ် အရွက်ကျောဘက်၌ အမည်းစက်ဖုများ ဖြစ်ပွားစေပြီး အထွက်နှုန်းကို ၅၀% ကျော် ထိခိုက်စေနိုင်ပါသည်။ ယင်းကို သီးလှည့်စိုက်ခြင်း၊ စိုက်ခင်းသန့်ရှင်းရေး၊ မျိုးစေ့လူးနယ်ခြင်းနှင့် ရောဂါစတွေ့ချိန်တွင် ကလိုရိုသာလိုနေး သို့မဟုတ် ဟက်ဆာကိုနာဇော မှိုသတ်ဆေးဖျန်းခြင်းဖြင့် ထိရောက်စွာ ကာကွယ်နိုင်ပါသည်။
ရောဂါလက္ခဏာများ
အပင်သက်တမ်းနုစဉ် တွေ့ရခြင်း၊ထင်ရှားသော အဝါရောင်အဝိုင်း (Yellow Halo)၊အရွက်အောက်မျက်နှာပြင် အဝါနုရောင်ဖြစ်ခြင်း ၊အပင်သက်တမ်းရင့်ချိန် တွေ့ရခြင်း၊အဝါရောင်အဝိုင်း မပါရှိခြင်း၊ကတ္တီပါကဲ့သို့ အမည်းစက်ဖုများ ရှိခြင်း
ကာကွယ်ကုသခြင်း
သီးလှည့်စိုက်ပျိုးခြင်း (Crop Rotation)၊စိုက်ခင်းသန့်ရှင်းရေး (Field Sanitation)၊ပင်ကြားတန်းကြား စနစ်တကျစိုက်ခြင်း (Proper Spacing)၊မျိုးစေ့လူးနယ်စိုက်ပျိုးခြင်း (Seed Treatment)၊မှိုသတ်ဆေး စနစ်တကျဖျန်းခြင်း (Chemical Spraying)