ကြက်ဟင်းခါးစိုက်ပျိုးနည်းစနစ်

ကြက်ဟင်းခါးစိုက်ပျိုးနည်းစနစ်

16/08/2026

အသေးစိတ်

မြန်မာအမည် - ကြက်ဟင်းခါး

အင်္ဂလိပ်အမည် - Bitter Gourd

ရုက္ခဗေဒအမည် - Momordicacharantia

မျိုးရင်းအမည် - Cucurbitaceae

ကြက်ဟင်းခါးသီးသည်အပူပိုင်းနှင့်အပူလျော့ပိုင်းဒေသစိုက်ပျိုးသီးနှံဖြစ်ပြီးအာရှတိုက်၊အာဖရိကတိုက်နှင့်ကာရီဘီယံနိုင်ငံများတွင်ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးပြီးအာရှတိုက်၏လူကြိုက်များသောဟင်းလျာအဖြစ်ချက်ပြုတ်စားသောက်သည့်သီးနှံတစ်မျိုးဖြစ်ပါသည်။

အမျိုးအစား

ကြက်ဟင်းခါးတွင် အဓိကအားဖြင့် ဘို့ပါသောမျိုးနှင့်ပြောင်ချောမျိုး ဟူ၍(၂)မျိုးရှိပါသည်။အရောင်အားဖြင့် အစိမ်းဖျော့ရောင်မှ အစိမ်းရင့်ရောင်ရှိပြီး ရင့်မှည့်သည့်အခါ လိမ္မော်ဝါရောင် ပြောင်းသွားသည်။အသီးမှာ လုံးရှည်ပုံသဏ္ဍာန်၊လွန်းပုံသဏ္ဍာန်ရှိပါသည်။

ရေမြေရာသီဥတု

ကြက်ဟင်းခါးပင်သည် ရေစိမ့်ဆင်းမှုကောင်းပြီး မြေဆီသြဇာထက်သန်သော မြေမျိုးကို ကြိုက်နှစ်(၃)ရက်ခန့် နေလှန်း၍ လေလုံသောဘူးတွင် သိုလှောင်ထားပါ။

သတိပြုရန်အချက်များ

(က)ကြက်ဟင်းခါးပင်လေးများကြီးလာပြီးအညွန့်စင်ပေါ်ရောက်လျှင်အညွန့်ကိုဖြတ်တောက်ပေးပါ။သို့မှသာအညွန့်ခွပြီးပိုမိုသီးပါသည်။

(ခ)ကြက်ဟင်းခါးပင်ကိုရေလောင်းရာတွင်ရေပေးမလွန်ရန်အရေးကြီးပါသည်။ရေပေးလွန်းပါကအမြစ်ပုပ်ပြီးအပင်သေနိုင်ပါသည်။

ကြက်ဟင်းခါး (၁၀၀)ဂရမ်တွင်ပါဝင်သောအဟာရဓါတ်များမှာ

ကယ်လိုရီ - ၃၄

ကာဗိုဟိုက်ဒရိတ် - ၇ဂရမ်

အဆီဓါတ် - ၀.၂ဂရမ်

အမျှင်ဓါတ် - ၁.၉ဂရမ်

သကြားဓါတ် - ၁ဂရမ်

အသားဓါတ် - ၃.၆ဂရမ်

ဆိုဒီယမ် - ၁၃မီလီဂရမ်

ပိုတက်ဆီယမ် - ၆၀၂မီလီဂရမ်

ဗီတာမင်စီ - ၉၂ရာခိုင်နှုန်း

သံဓါတ် - ၅ရာခိုင်နှုန်း

ဗီတာမင်ဘီ-၆ - ၄၀ရာခိုင်နှုန်း

မဂ္ဂနီဆီယမ် - ၂၃ရာခိုင်နှုန်း

စာရင်းသို့ ပြန်သွားရန်