ကစော့ခါးစိုက်ပျိုးနည်းစနစ်

ကစော့ခါးစိုက်ပျိုးနည်းစနစ်

16/08/2026

အသေးစိတ်

မျိုးရင်း - Solanaceae. (ခရမ်းမျိုးရင်း)

ရုက္ခဗေဒအမည် - Solanum indicum Linn.

မြန်မာအမည် – ကစော့ခါး

အင်္ဂလိပ်အမည် - Indian Night- Shade

ကချင်အမည် - Haw Hkan Kaju.

အပင်

နှစ်ကြာခံပင်ငယ်မျိုးဖြစ်၏၊၊အမြင့်(၄-၅)ပေခန့်ထိရှိတတ်၏။ပင်စည်ရိုးတံမာ၍ အမွေးများဖြင့် ဖုံးအုပ်ထား၏။ချွန်ထက်၍ပြားသော ဆူးများစွာပါ၏။ဆူးများသည် စိမ်းဝါရောင်ရှိ၍ သန်မာပြီး အောက်သို့ကောက်နေ၏။အကိုင်းအခက်များ၏။

အရွက်

ရွက်လွှဲထွက်သည်၊ အရွက်ပုံသဏ္ဍာန်မှာဘဲဥပုံဖြစ်ပြီးဒေါင့်(၇)ဒေါင့်ပါရှိ၏၊၊အရွက်မျက်နှာနှစ်ဘက်လုံးတွင်သေးငယ်သောဆူးလေးများရှိ၏။ရွက်ညှာတွင်လည်းဆူးရှိ၏၊ ရွက်ညှာရှည်၏။

အပွင့်

ဘေးထွက်ပန်းခိုင်ဖြစ်သည်။အပွင့်များသေးငယ်၍ခရမ်းရောင်ရှိသည်။

အသီး

လုံးဝိုင်း၏၊၊အစေ့များခွံပျော့သီးဖြစ်၍အခိုင်လိုက်သီး၏၊၊မှည့်ကလိမ္မော်ရောင်ရှိပြီးအလွန်ခါး၏၊၊အချင်း၁/၄လက်မခန့်ထိရှိ၏။

ပေါက်ရောက်သည့်ဒေသ

မြန်မာနိုင်ငံအနှံ့အပြားတွင်ပေါက်ရောက် သည်။

ပေါက်ရောက်ပုံ

သဘာဝအလျောက်ပေါက်ရောက်သည်။

အသုံးပြုသည့်အစိတ်အပိုင်း

ပဉ်စငါးပါး

အာနိသင်

မြန်မာ့ဆေးကျမ်းများအလိုအရစပ်ရှားရှားရှိ၏။ခါး၏။ ပူ၏။လေသလိပ်ကိုကြေစေ၏။ နှုတ်ကိုမြိန်စေ၏။နှလုံးကိုအားပေး၏။ နူနာ၊ အဖျား၊ ပန်းနား၊ လေနာ၊ ယားနာတို့ကို နိုင်၏။

အသုံးပွုပုံ-ပဉ်စငါးပါး


(၂) သွားကိုက်၊ နာကျင်ခြင်း နှင့် သွားပိုးထသောအခါ အမြစ်ကိုသွေး၍ သွား၌သိပ်ပေးခြင်း၊အမြစ်မှုန့်ကို မှိုင်းတိုက်၍ အခိုးရှူပေးခြင်းခြင့် သွားနှင့်ပတ်သက်သောရောဂါများပျောက်၏။

(၃) အမြစ်ကို ဆန်ဆေးရည်နှင့်သွေး၍ သောက်ပါကနှာခေါင်းသွေးလျှံခြင်း ပျောက်၏။

(၄) နား၌ ပိုးကောင်ဝင်လျှင်ကစော့ခါးသီးကို မီးရှို့ပြီး အခိုးခံပါက ပိုးထွက်၏။

(၅) ကစော့ခါးမြစ်ကို အမှုန့်ပြုပြီး ကွမ်းရွက်ပြုတ်ရည်နှင့် သောက်ခြင်းဖြင့် အညှော်ခံငန်းဆေးကြီးအဖြစ် အသုံးပြု ၏။

စာရင်းသို့ ပြန်သွားရန်