ကြံစိုက်ပျိုးနည်းစနစ်(ပုံမှန်စိုက်နည်းစနစ်)

ကြံစိုက်ပျိုးနည်းစနစ်(ပုံမှန်စိုက်နည်းစနစ်)

16/08/2026

အသေးစိတ်

မြေပြင်ပြီးပါက နွားထယ်ဖြင့် အသွား/ အပြန်ထယ်ကြောင်းပေးပြီး နွားဂျူတ်ဖြင့် အသွား/အပြန် စိုက်မြောင်းဖော်ရပါမည်။

မြေကောင်းလျှင် (၃.၅)ပေ - ၄ပေ၊ မြေညံ့က(၂.၅)ပေ- (၃)ပေစိုက်တန်းအကွာအဝေး ထားပေးရပါမည်။

စိုက်မြောင်းအနက် (၁၀)လက်မ မှ (၁၄)လက်မတူးကာ(၃)ဆစ်ပါကြံမျိုးပိုင်းများကိုနှစ်ပါးသွား(သို့)တေ့ဆက်(သို့)နဘေထပ်ချစိုက်ပျိုးရပါမည်။

စက်ကိရိယာဝယ်ယူ/ ငှားရမ်းရန်ခက်ခဲသောတောင်သူများအတွက်သမရိုးကျနွားဖြင့်စိုက်ပျိုးနိုင်ပါသည်။

သမ ရိုးကျစိုက်ပျိုးခြင်းကြောင့် မျှော်မှန်းအထွက်နှုန်းမရရှိဘဲ အထွက်နှုန်းနည်း၍အကျိုးအမြတ်ရရှိမှုနည်းပါးပါသည်။

စာရင်းသို့ ပြန်သွားရန်