ကြက်သွန်ရွက်ပုပ်ရောဂါ 🧅 ကြက်သွန်

ကြက်သွန်ရွက်ပုပ်ရောဂါ

Botrytis Leaf Blight

အသေးစိတ်

Botrytis squamosa မှိုကြောင့် ဖြစ်ပွားသော ရောဂါဖြစ်ပြီး စိုစွတ်အေးမြသော ရာသီဥတု တွင် အဖြစ်များသည်။ ကြက်သွန်အရွက်များပေါ်တွင် အဖြူရောင်မှ အဝါဖျော့ရောင်အစက်များ စတင်ပေါ်လာပြီး အညိုရောင်ပြောင်းကာ အရွက်များ ညှိုးနွမ်းခြောက်သွေ့ပြီး ကြွေကျနိုင်သည်။ စိုထိုင်းဆမြင့်ပါက ရောဂါဖြစ်နေသောနေရာများတွင် မီးခိုးရောင်မှိုများ ပေါ်လာနိုင်ခြင်း၊ ရောဂါပြင်းထန်ပါက ကြက်သွန်ဥဖွံ့ဖြိုးမှု၊ အထွက်နှုန်းနှင့် အရည်အသွေး ကျဆင်းနိုင်ခြင်းဖ၊ ရောဂါကာကွယ်ရန် ရောဂါကင်းစင်သောမျိုးစေ့အသုံးပြုခြင်း၊ ရောဂါရှိအပင်များဖယ်ရှားခြင်း၊ စိုက်ခင်းသန့်ရှင်းခြင်း၊ လေဝင်လေထွက်ကောင်းစေခြင်းနှင့် ရေသွင်းရေထုတ်စနစ်ကောင်းမွန်စေခြင်း

ရောဂါလက္ခဏာများ

အရွက်များပေါ်တွင် ရေစိုနေသော အညိုရောင်အစက်များ စတင်ပေါ်လာခြင်း၊ မီးခိုးရောင်မှိုများ ဖုံးအုပ်လာခြင်း၊ အရွက်များအဝါရောင်ပြောင်းပြီး ညှိုးနွမ်းခြင်း၊ ခြောက်သွေ့ကြွေကျခြင်း၊ အပင်ကြီးထွားမှုနှင့် ကြက်သွန်ဥဖွံ့ဖြိုးမှု ထိခိုက်ပြီး အထွက်နှုန်းနှင့် အရည်အသွေး ကျဆင်းခြင်း

ကာကွယ်ကုသခြင်း

ရောဂါကင်းစင်သော မျိုးစေ့အသုံးပြုခြင်း၊ ရောဂါဖြစ်နေသော အရွက်နှင့် အပင်အကြွင်းအကျန်များ ဖယ်ရှားခြင်း၊ အပင်များကို သင့်တော်သောအကွာအဝေးဖြင့် စိုက်ပျိုး၍ လေဝင်လေထွက်ကောင်းစေခြင်း၊ အရွက်များပေါ်သို့ ရေတိုက်ရိုက်မဖြန်းခြင်း၊ စိုထိုင်းဆကို ထိန်းချုပ်ခြင်းနှင့် လိုအပ်ပါက သင့်တော်သော မှိုသတ်ဆေး (Fungicide) အသုံးပြုခြင်း

အလားတူရောဂါများ

ဆောင်းပါးစာရင်းသို့